ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံ

ဆိပ်ကြီးခနောင်တို သြဂုတ်  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာတွေ့ဆုံရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဥက္ကဋ္ဌဦးမောင်မောင်သာနှင့်အဖွဲ့ဝင်များက အပြန်အလှန်တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းဆက်လက်ဆောင်ရွက်သွားမည့်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအားအဖွဲ့ဝင် ၁၄ ဦးဖြင့်ဖွဲ့စည်းထားရာ၊ ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်လေးဦးကို မြို့နယ်အတွင်း​အများယုံကြည်လေးစားခြင်းခံရသူများဖြင့်ဖွဲ့စည်းထားပြီး ကျန်အဖွဲ့ဝင်ဆယ်ဦးကို ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့် ဖွဲ့စည်းဆောင်ရွက်ထာရှိကြောင်းသိရသည်။

ဝေယံ(ပြန်/ဆက်)