တံတား ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က ယနေ့ပြုလုပ်ရသောကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများလေ့လာဖတ်ရှုလိုသည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ပြိုင်ပွဲများယှဉ်ပြိုင်ခြင်းဖြင့်မိမိကိုယ်ကိုယုံကြည်မှုများခိုင်မာလာစေရန်၊ မိမိတို့၏အတွေးများအပေါ်အမှား၊ အမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊ အချင်းချင်းရင်းနှီးချစ်ခင်မှုရရှိစေရန်၊ အားလပ်ချိန်တွင် စာကြည့်တိုက်သို့လာရောက်၍ စာပေများဖတ်ရှုရခြင်းအပေါ် ပျော်မွေ့နှစ်သက်လာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲကို အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကိုဆုများပေးအပ်ခဲ့ကြောင်းသိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)