မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မအူပင် သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များပြသခြင်းအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့်ဝန်ထမ်းများမှ အိုင်ဝိုင်းကျေးရွာရှိ ထာဝရအလင်းရောင်စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များအား ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့် အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် တိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဗီနိုင်းပိုစတာများနှင့် စာအုပ် စာစောင်များပြသခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်