နာဂဒသလဟယ်မြို့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် အပတ်စဉ် တနင်္ဂနွေနေ့ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်

လဟယ် ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ဌာနမှ ကြီးမှူးဖွင့်လှစ်သော (၉)ကြိမ်မြောက် ဗုဒ္ဓမာမကအပတ်စဉ်တ‌‌နင်္ဂနွေဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယမန်နေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပြီး ဗဟိုသာသနာပြု ခေါင်းဆာင်ဆရာတော် ဘဒ္ဒန္တသုမန အရှင်သူမြတ်က ငါးပါးသီလချီးမြှင့်တော်မူသည်။ ထို့နောက် ဗဟိုသာသနာပြု ခေါင်းဆာင်ဆရာတော်က ဓမ္မစကူးလ်းသင်တန်းနှင့် ပတ်သက်၍ ဩဝါဒကထာချီးမြှင့်ပါသည်။

ထို့နောက် လဟယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးက ၀မ်းမြောက်ကြောင်း လျှောက်ထားတင်ပြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းပါသည်။

အဆိုပါ အပတ်စဉ် တနင်္ဂနွေနေ့ ဓမ္မစကူးလ်သင်တန်းတွင် သားငယ်သမီးငယ်များ (Grade-1)တန်းမှ (Grade -8)အထိ ကျောင်းသား/သူ (၃၈၀)ဦးကျော် တက်ရောက်မည်ဖြစ်‌‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)