ငပုတော ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်းစီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းပိုင်းက ကျောင်းအားကစားဘောလုံးပြိုင်ပွဲ ကွင်းအတွင်းကျင်းပပြုလုပ်သည်။
ဦးစွာ စစ်ကြောင်းမှူးကဦးဆောင်၍ ကျောင်းကောင်စီအသင်း (၅) သင်းမှ အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအားကစားပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်နှင့် ကျန်းမာသန်စွမ်းသော အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး စစ်ကြောင်းမှူးက ဦးဆောင်ပြီးအားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပထမပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)