မုံးထမြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

 မုံးထ သြဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မုံးထမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က KG မှ G-5 ထိ ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်ပေတိုင်းခြင်းနှင့် လက်မောင်းလုံးပတ်တိုင်းတာခြင်း စသည့် ကျန်းမာ‌ရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သန်ချ‌ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့‌‌ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းကို မုံးထမြို့ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မိုးမိုးစံနှင့် မုံးထမြို့ တိုက်နယ်ဆေးရုံမှ သူနာပြုဆရာမ ဒေါ်အေးအေးဆွေတို့က ပူး‌ပေါင်းစစ်‌‌ဆေးပေးခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)