မင်းလှ ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID(Smart Card)များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စစ်ကွင်းမြို့၊ မြို့မရပ်ကွက်၌ ယမန်နေ့ကပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးဦးအောင်ကြည်ဦး၏ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးမှူးဦးလော်ရမ်းဦးဆောင်၍ ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် ဒေ သခံပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများဆောင်ရွက်ပေးသည်အပြင် ဇီဝအချက်အလက်(Biometric)ကောက်ယူမှုလည်းဆောင်ရွက်၍ Unique ID (Smart Card) ထုတ်ပေးခြင်းလုပ်ငန်းအားတစ်ပါတည်းဆောင်ရွက်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးအနေဖြင့်ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)