ချောင်းဆုံ ဩဂုတ် ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများစာရေးရိက္ခာဖူလုံစေရေးနှင့် တောင်သူများ ထုတ်ကုန်ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးဧက (၆၅၃၀၉)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ တောင်သူများ လုပ်ငန်းခွင်စတင်ချိန်မှစ၍ ဩဂုတ်(၈)ရက်နေ့အထိ မြို့နယ်အတွင်း မိုးစပါး(၆၄၁၄၃)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး (၉၈.၂၁)ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အကျိုးဆောင်တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်စပါးများစိုက်ပျိုး၍ အထွက်နှုန်းတိုးတက်စေရေးအတွက် စိုက်ပျိုးနည်းစနစ်၊ သဘာဝမြေဩဇာသုံးစွဲမှုစနစ် မှန်ကန်စေရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး စသည့်နည်းပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးစိုက်ပျိုးမှုလျာထားချက် ပြည့်မီကျော်လွန်စေရေး တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော် (ချောင်းဆုံ)