ပေါင် သြဂုတ် ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စျေးကွက်အတွင်း စားအုန်းဆီအမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဩဂုတ် ၈ ရက် နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄)ခု၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်းတွင် စားအုန်းဆီအမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါစျေးကွက်အတွင်း စားအုန်းဆီအမျိုးမျိုး ရောင်းချခြင်းမတွေ့ရှိရဘဲ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော စားအုန်းဆီများကိုသာ ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
မွန်မလေး (ပြန်/ဆက်)