ပေါင်းတည် ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဩဂုတ် ၉ ရက် နေ့လယ် ၁နာရီက နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနွယ်က မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်သည့်အလေ့ကျင့်များ ရရှိလာစေရန်အတွက် စာပေ၏အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ပြီး၊ ဝန်ထမ်းများက ကလေးစာပေ စာအုပ်၊ စာစောင်များ ခင်းကျင်းပေးကာ မိမိနှစ်သက်ရာ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုလေ့လာစေခြင်း၊ ကလေးစာပေများမှ အသိပညာပေး ပုံပြင်များပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကလေးသူငယ်ဘ၀ လုံခြုံအေးချမ်းစေရန်နှင့် အတုခိုးမှား၊ အပေါင်းအသင်းမှား၍ လမ်းမှားမရောက်ရှိကြစေရန် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့်ပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)