မိုင်းနောင် သြဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ နံနက်(၁၀) နာရီက နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် ကျောင်းသား/ကျောင်းသူများအားလုံး မိမိတို့စိတ်ဝင်စားသည့် ရုပ်ပြစာအုပ်များ၊ ကာတွန်းစာအုပ်များကို အလွယ်တကူလေ့လာနိုင်စေရန်၊ စာဖတ်ရှိန်များမြှင့်မားလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများမှ အသိပညာဗဟုသုတများရရှိ၍ အဖက်ဖက်မှဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာပေးစာစောင်များကို လေ့လာဖတ်ရှုတတ်စေရန်အတွက် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ စာအုပ်၊စာစောင်များ ပုံမှန်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အမှတ်(၂၈၆)အခြေခံပညာမူလတန်းကျောင်း(နားကန်း) အခြေခံပညာမူလတန်းကျောင်းနှင့် မိုင်းနောင်အခြေခံပညာအထက်တန်းကျောင်းသို့ နယ်လှည့်ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)