မိုးနဲ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၇)နားလင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူလေးများအနေဖြင့် စာအုပ်စာပေများလွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ ဗဟုသုတအသစ်များရရှိခြင်း၊ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်များအပြင် ပြင်ပစာအုပ်များဖတ်ရှု့လေ့လာနိုင်ခြင်း၊ အသိအလိမ္မာတိုးပွားလာခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံစေခြင်းတို့အပြင် ဗလငါးတန်နှင့်ပြည့်စုံနိုင်သည့်အတွက် များစွာအကျိုးရှိပြီး ပြည်သူ့စာကြည့်တိုက်အနေဖြင့်လည်း စာငှားစာဖတ်သူတိုးပွားလာခြင်းနှင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အခြေခံပညာကျောင်းများ၌ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်ခြင်း၊ ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် အသစ်ပြန်လည်လဲလှယ်ပေးခြင်းတို့ကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို