ခိုလမ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ခိုလမ် ဩဂုတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ရတနာခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀၄)ဦးတို့အား ယနေ့နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်း၌ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်း အဆိုပါ မဲပေးစက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းကျွမ်းကျင်နည်းပညာရှင်များပေါင်းစပ်ကာ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီဇိုင်းပုံစံတီထွင်ထုတ်လုပ်ထားကြောင်း၊ မဲပေးစက်တွင်ပါဝင်သည့် စက်ပစ္စည်းအစိတ်အပိုင်းတစ်ခုခြင်းစီ၏အရေးပါပုံများ၊ မဲဆန္ဒရှင်ပြည်သူများလွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း   နမ့်စန်မြို့နယ်ကော်မရှင်အရာရှိ ဒေါ်မျိုးမျိုးအောင်ထံမှ သိရသည်။

 အဆိုပါ သင်တန်းဖွင့်လှစ်ဆောင်ရွက်နေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)