ငါန်းဇွန်မြို့၌ ယူရီးယားမြေဩဇာအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ငါန်းဇွန်   ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးပစ္စည်းဆေးဆိုင်များတွင် ယူရီးယားမြေဩဇာအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့် သက်ဆိုင်ရာဌာနများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်း ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော စိုက်ပျိုးရေးပစ္စည်း ဆေးဆိုင် (၃)ဆိုင်၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)