လက်ပံတန်းမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး တွေ့ဆုံဆွေးနွေး

လက်ပံတန်း ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး‌အတွက် တိုင်းခွဲပညာရေးမှူးက ကျောင်းသား/ သူများအားတွေ့ဆုံဆွေးနွေးခြင်းကို မြို့နယ်အထက(၁) ခန်းမ၌  ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံး(အနောက်ပိုင်း) ပြည်မြို့ရုံးခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာချစ်ကိုကိုက တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ မြို့နယ်အဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်သွားကြရန်နှင့် ကျောင်းသား၊ ကျောင်သူများအား တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်နိုင်ရေးနည်းလမ်းများ၊ ကြိုးပမ်းမှုများ၊ အတွေ့အကြုံများ၊ ဇွဲလုံလဝီရိယရှိရှိ စာကြိုးစားကြရန်တို့ကို ဟောပြောကာ အားပေးစကားများ ပြောကြားခဲ့သည်။

အဆိုပါအောင်ချက်မြင့်မားရေးဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဥမ္မာဦးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)