ပြင်ဦးလွင် ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးမြေများပေါ်တွင် ကျူးကျော်မှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ကော်ဖီစီမံကိန်းကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ကော်ဖီစီမံကိန်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်နှင့်ပတ်သက်၍ ကော်ဖီရာသီသီးနှံဌာနခွဲ(နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ရှင်းလင်းဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က ရှင်းလင်းဆွေးနွေးခြင်း၊ ပြင်ဦးလွင်၌ အသစ်ချထားသောကော်ဖီစီမံကိန်းဧရိယာ ပေါ်တွင် ကျူးကျော်နေမှုအခြေအနေများအား ခရိုင်ဦးစီးမှူး ဦးဖုန်းမောင်က Power Pointဖြင့် ရှင်းလင်းတင်ပြခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီး ရဲသူရ၀ဏ္ဏစိုးအောင်က ရှင်းလင်းဆွေးနွေးခြင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်က အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင်ကော်ဖီစီမံကိန်းကြီးကြပ်ရေးအဖွဲ့ဝင်များမှ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာဌာန တာဝန်ခံများမှ အသေးစိတ်ရှင်းလင်းပြန်လည်ဖြေကြားခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)