ညောင်လေးပင်မြို့နယ်၌ ဥပဒေအရကိုင်ဆောင်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာဆွေးနွေးပွဲကျင်းပ

ညောင်လေးပင် ဩဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးက ကျင်းပပြုလုပ်သည့်  ဥပဒေအရကိုင်ဆောင်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ညောင်လေးပင်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာထွန်းက ဥပဒေအရကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး၊ အိမ်ထောင်စုစာရင်းဆိုင်ရာများနှင့်အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးအတွက်နိုင်ငံ သားမှတ်ပုံတင်ကတ်များကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုစာရင်းရရှိဆောင်ရွက်ပေးမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်က ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင်စာရင်းကောက်ယူထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)