ကလေး ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီအချိန်က ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်းပြတိုက်တွင် ပြသထားသည့် ချင်းတိုင်းရင်းသားတို့၏ ခေတ်အဆက်ဆက်ရိုးရာဓလေ့ဝတ်စားဆင်ယင်မှုနှင့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများကို လေ့လာခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအတွက် စာအုပ်၊ စာရေးကိရိယာနှင့် အလှူငွေ ၂ဝဝဝဝဝ ကျပ်အား ပေါင်ကျင့်ဟောက်ပါရှန်စောန်း တမန်တော်မြတ် မိုးလင်းရှောင်စောင်းဆရာတော်ကြီးထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကလေးမြို့၊ မြို့သာရပ်ကွက်တွင် နေထိုင်၍ အခြေခံပညာသင်ကြားနေသော Grade-10 မှ မသန်စွမ်းကျောင်းသားတစ်ဦးနှင့် Grade_9 မှ မသန်စွမ်းကျောင်းသူတစ်ဦးတို့အား စာအုပ်၊ စာရေးကိရိယာ၊ အာဟာရကွေကာထုပ်များနှင့် တစ်ဦးလျှင် ငွေ ၂ဝဝဝဝဝ ကျပ်စီဖြင့် စုစုပေါင်း ၄ဝဝဝဝဝ ကျပ်အားအိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)