ညောင်ရွှေ ဩဂုတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ မြို့နယ်အဆင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်းက အာဟာရရက်သတ္တပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက အစာအုပ်စုသုံးခုနှင့်ပတ်သက်၍လည်းကောင်း၊ မိခင်နို့စနစ်တကျတိုက်ကျွေးရေးနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောပြီး တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်