လှိုင်သာယာ(အရှေ့ပိုင်း) ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် နေရပ်အသီးသီးမှအကြမ်းဖက်ဖြစ်စဉ်များကြောင့်စွန့်ခွာ၍ ရောက်ရှိနေသောယာယီနေရပ်စွန့်ခွာပြည်သူများအား မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ခုနှင့်ကျေးရွာ(၅)ရွာတို့တွင် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့ အဖွဲ့(၅)ဖွဲ့ခွဲ၍ ထောက်ပံ့ငွေများထုတ်ပေးခြင်းကို အုပ်ချုပ်ရေးမှူးရုံးအသီးသီးတို့တွင် ယမန်နေ့ နံနက်(၉)နာရီ၌ ကွင်းဆင်းထုတ်ပေး လျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က ကြီးကြပ်၍ ၂၀၂၅ ခုနှစ် ဧပြီ၊ မေ၊ ဇွန်(၃)လစာတို့အတွက် တစ်ဦးလျင်ငွေကျပ် ၆၀,၀၀၀/- နှုန်းဖြင့် အိမ်ထောင်စု (၁၇၃)စုအတွက် စုစုပေါင်း ငွေကျပ်(၃၃,၀၆၀,၀၀၀)တို့ကို မြို့နယ်ရဲမှူး မျိုးမြင့်အောင်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဆန်းနှင့်အဖွဲ့၀င်များ၊ အဖွဲ့(၃)မှ ဌာနဆိုင်ရာတာ၀န်ရှိသူများကပူးပေါင်း၍ လူဦးရေစုစုပေါင်း (၅၅၁)ဦးတို့ကို ကွင်းဆင်းထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)