ရပ်စောက် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း၊) ရပ်စောက်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အကြို လူငယ်စကားဝိုင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဗထူးနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗထူးမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဒေါ်ယုယုအောင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် Grade – 11 မှ မသံစဉ်ရှင်းသန့်၊ မောင်ပြည့်မှူးအောင်၊ မောင်မင်းပြည့်စိုး၊ Grade – 10 မှ မောင်စိုင်းဥက္ကာဖြိုး၊ မဇီဇဝါထွန်းတို့က လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်း တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းရာ ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဦးစီးမှူးတို့ကလည်း မေးမြန်းသည့် အချက်အလက်များ ပိုမိုပြည့်စုံစေရန် ပြန်လည်ဖြည့်စွက်ဖြေကြားပေးခဲ့ကြသည်။
ထို့အတူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌လည်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ယုယုအောင်က လူငယ်စကားဝိုင်းကျင်းပရပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် Grade – 11 မှ မဂျူးဂျူးချမ်းမြေ့ပိုင်၊ မယုန္ဒာ၊ မောင်ခန့်ဝင်းအောင်၊ မအိသက်သက်မွန်၊ Grade – 10 မှ မောင်ဆက်လင်းဖြိုးတို့က လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းရာ ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဦးစီးမှူးတို့ကလည်း မေးမြန်းသည့် အချက်အလက်များ ပိုမိုပြည့်စုံစေရန် ပြန်လည်ဖြည့်စွက်ဖြေကြားပေးခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)