ညောင်ရွှေမြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ညောင်ရွှေ ဩဂုတ် ၁၀

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသယံဇာတရေရှည်တည်တံ့စေရန် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်တောများ ပြန်လည်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တောင်ပို့ကြီးကျေးရွာအုပ်စု ရွှေတောင်ဦးကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်နှင့် ဝန်ထမ်းများ၊  ဒေသခံပြည်သူများက သစ်ပင်များကို တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မာတာကွတ် (၁၅၀)ပင်၊ အော်ရီးရှား (၂၀၀)ပင်၊ ပြည်လုံးချမ်းသာ (၃၀)ပင်၊ ကုက္ကို (၆၀)ပင်၊ စိန်ပန်းနီပျိုးပင် (၁၀)ပင် စုစုပေါင်းပျိုးပင် (၄၅၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ