ဓနုဖြူမြို့နယ်၌ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဓနုဖြူ သြဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှေဆိပ်ကျေးရွာရှိ စူပါအောင်ဖူဆယ်ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပရိသတ်များက အလွတ်တန်းအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် MG-9 ဘောလုံးအသင်းနှင့် ငသိုင်းချောင်းဘောလုံးအသင်းတို့ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးရာ MG-9 ဘောလုံးအသင်းမှ အနိုင်ရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊  အကောင်းဆုံးကစားသမားဆုများ၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော ဘောလုံးအသင်း အားကစားသမားများအားငွေသားဆု၊ ဆုတံဆိပ်နှင့် ဆုဖလားတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)