သုံးခွ သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက် အစိုးရရေကန် ပန်းခြံဝင်းအတွင်း အရှည်ပေ (၃၅၀)အား ခြောက်ပေအကျယ် (Interlock) ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး(အင်ဂျင်နီယာ)ဒေါက်တာပိုးအိခင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စိုးမိုး၊ တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းထွန်းလင်းတို့က ယမန်နေ့ မွန်းလွဲ ၁ နာရီကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အစိုးရရေကန်ပန်းခြံဝင်းအတွင်းရှိ မြက်ခင်းပြင်၌ အများပြည်သူအပန်းဖြေခြင်း၊ ကျန်းမာရေးအတွက်လမ်းလျှောက်သွားလာခြင်း ပြုလုပ်ရာတွင် အဆင်ပြေစေရန်အတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်