မြောက်ဥက္ကလာပမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေရသူများအား ယာယီဧပြီလ၊ မေလနှင့် ဇွန်လများ အတွက်တစ်ဦးလျှင် သုံးလစာ ငွေကျပ်ခြောက်သောင်းနှုန်း ထောက်ပံ့ပေးအပ်

မြောက်ဥက္ကလာပ ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယနေ့ နံနက် ၉ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ဆက်လက်ပေးအပ်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်အတွင်းရပ်ကွက်(၁၉)ခု၊ ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု ၄၃၉ စုရှိ  လူဦးရေ  ၁၄၈၅  ဦးရှိရာ တစ်ဦးလျှင်တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် ဧပြီလ၊ မေလနှင့် ဇွန်လ သုံးလစာ ငွေကျပ် ခြောက်သောင်းကျပ် စုစုပေါင်း ငွေကျပ် ၈၉၁၀၀၀၀၀ ကျပ်တိတိအား ရပ်ကွက်အလိုက် နေ့ခွဲရက်များခွဲ၍ လက်၀ယ်အရောက် ထောက်ပံ့ပေးမည်ဖြစ်ရာ ခရီးလွန်နေသူများကိုလည်း သတ်မှတ်ရက်များတွင် ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)