မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်နှင့်မီးဘေးသင့် (လုံးဝ)ပျက်စီးအိမ်ထောင်စုများအား ပစ္စည်း(၁၆) မျိုး ထောက်ပံ့ပေးအပ်‎

မဟာအောင်မြေ ဩဂုတ် ၁၀

မန္တလေးတိုင်းဒသကြီး၊ မဟာအောင်မြေမြို့နယ် သံလျှက်‌မှော်အနောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ငလျင်ဘေးသင့်နှင့်မီးဘေးသင့်(လုံးဝ) ပျက်စီးအိမ်ထောင်စု (၇၂၅)စုအား ပစ္စည်း (၁၆)မျိုး ထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့မှုကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မဟာအောင်မြေမြို့နယ် သံလျှက်‌မှော် အနောက်ရပ်ကွက်ရှိ မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံရှုံးခဲ့သော ငလျင်ဘေးသင့်နှင့် မီးဘေးသင့်လုံဝပျက်စီးအိမ်ထောင်စု (၇၂၅)စုအား ပစ္စည်း (၁၆)မျိုးကို သံလျှက်မှော်အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ထပ်ဆင့်တာဝန်ယူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း