အိမ်မဲ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကော ကျေးရွာ အ-ထ-က (ခွဲ) တကောကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ တို့ပူးပေါင်း ကျင်းပသော သြဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်ရေးရာ ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် အ-ထ-က (ခွဲ) တကောကျောင်းအုပ်ဆရာမကြီး ဒေါ်ရည်မွန်ဇော်က အဖွင့်အမှာစကားများကိုလည်းကောင်း၊ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အကြောင်းနှင့် လူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုက်နာရမည့် အကြောင်းများ၊ လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုးအကြောင်း တို့ကို ဟောပြောခဲ့ကြ ပြီး အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများကိုလှူဒါန်းပေးခဲ့သည်။
အဆိုပါ ဟောဟောပြောပွဲသို့ အ-ထ-က တကောကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)