စလင်း သြဂုတ် ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ နှင့် မြို့နယ်အတွင်းရှိ ကျေးလက်ဒေသအသီးသီးတို့တွင် စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ စားသုံးဆီ ဆီထွက်သီးနှံ ဖြစ်သည့် မိုးသီးနှံမြေပဲကို သီးထပ်၊သီးညှပ်အဖြစ် မြေပဲ နှစ်တန်း ပဲစဥ်းငုံတစ်တန်း စိုက်ပျိုးလုပ်ကိုင်ကြရာ ယခု အခါ မိုးမြေပဲများ အောင်မြင်ဖြစ်ထွန်းကြောင်း မြေပဲစို က်တောင်သူ ဦးမြင့်အောင်ထံမှ သိရသည်။
စလင်းမြို့နယ်အတွင်း ယခုနှစ်တွင် တောင်သူအများစုသည် နေရာဒေသအလိုက် ပြည်တွင်းစားသုံးဆီဖူ လုံရေး ဆီထွက်သီးနှံဖြစ်သည့် ပဲမျိုးစုံနှမ်း မြေပဲတို့အား စိုက်ပျိုး လုပ်ကိုင်ကြရာ ရေ၊မြေတောင်တောင်နှင့် လယ်ယာမြေများအလိုက် ထွန်ယက်စိုက်ပျိုးခဲ့ရာ အင်ကြင်း ပင်လှကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအသီးသီး တောင်ယာလုပ်ငန်းကိုသာ အဓိကအားထားလုပ့ကိုင်က ကြပြီးလက်ပံကျင်းကျေးရွာ လက်ပံတောကျေးရွာ အင်ကြင်းပင် လှကျေးရွာ ကံပြားကျေးရွာ ပေါင်းထူးကျေးရွာ တို့ရှိတောင်သူလယ်သမားများအနေဖြင့် မိုးမြေပဲအား သီးညှပ်၊သီးထပ်အဖြစ် စိုက်ပျိုးခြင်းများအား သဘာဝမိုးရေနှင့် မြေအောက်ရေကို စုပ်ယူ၍ စိုက်ပျိုးရန်ယာ မြေများကိုထွန်ယက်၍ မြေပဲ၊ပဲတီစိမ်း၊နှမ်း၊ဖူးစား ပြောင်း၊ပဲစဥ်းငုံနှင့် ဝါများကြား၌ အဓိကအားထားစိုက် ပျိုးလုပ်ကိုင်ကြပြီး မြေပဲအား နယုန်လဆန်း(၇)ရက် နောက်ပိုင်း စိုက်ပျိုးခဲ့ရာ မြေပဲနှစ်ကြောင်း ပဲစဥ်းငုံတစ်ကြောင်း (၂)ပေခွဲစီခြား၍ သီးထပ်၊သီးညှပ်စိုက်ပျိုးခဲ့ရာ မြေပဲသီးနှံရိတ်သိမ်းချိန်တွင် မိုးရွာသွန်းပါက ပဲစဥ်းငုံပင် များအား မြေဆွပေးသကဲ့သို့ ထွန်ယက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ကြရကြောင်း ထိုသို့ဆောင်ရွက် လုပ်ကိုင်မှသာ ပဲစဥ်းငုံပင်များအားကောင်းလာပြီးအပွင့် အသီးများထွက်ရှိ အောင်မြင်ဖြစ်ထွန်း ကြောင်း သိရသည်။
ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးရေးဦးစီးဌာန၏ အထွက်နှုန်းကောင်းမွန်၍ စိုက်ပျိုးရေးနည်း စနစ်များ ပေါင်း စပ်တောင်သူပညာပေးဟောပြောပွဲ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဆီထွက် သီးနှံ မိုးမြေပဲသီးညှ ပ်(၁၉၇၁၇)ဧကအား စိုက်ပျိုးပြီးစီးခဲ့ရာ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်ပမှစားအုန်းဆီတင်သွင်းမှု လျှော့ချစေပြီး ပြည်တွင်းစားသုံးဆီဖူလုံစေရန် စိုက်ပျိုး သည့် မိုးမြေပဲများ အောင်မြင်ဖြစ်ထွန်းကြောင်း ၂၀၂၄ ခု နှစ်တွင် မိုးမြေပဲ တစ်ဧကလျင် တင်း(၁၀၀) ထွက်ရှိ ကြောင်း မိသားစုဝင်ငွေတိုးပွား၍ ယခုနှစ်တွင် မိုးမြေပဲကိုပိုမိုစိုက်ပျိုးခဲ့ကြရာ အောင်မြင် ဖြစ်ထွန်းကြောင်း မြေပဲစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။
မောင်လွင်(စလင်း)