ဇီးကုန်း ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးဝါးကြီးကြပ်ကော်မတီမှ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန် တိုင်းရင်းဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချမ်းမြေ့ကျော်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညိုနှင့်တာဝန်ရှိသူများက မြို့မဈေးအတွင်း/အပြင်ရှိဆေးဆိုင်များနှင့် မြို့နယ်အတွင်းဆေးရောင်းချသောဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန်တိုင်းရင်းဆေးဝါးများ ရောင်းချမှုရှိ/မရှိ ရှောင်တခင်စစ်ဆေး၍တွေ့ရှိပါက သိမ်းဆည်းခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)