သံဖြူဇရပ် သြဂုတ် ၁၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်၊ မေဓါဝံသ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မှုခင်းမှတ်တမ်းဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်မှ တာဝန်ရှိသူများပူးပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက် ဟောပြောခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မိုးလွင်က ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ပါတီများနှင့် ပတ်သက်၍ ပြောကြားပြီး၊ ဗိုလ်မှူးသက်ထွန်းဦးမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်ကောင်း၊ မှုခင်းမှတ်တမ်းထိန်းသိမ်းရေးဌာနမှ ရဲအုပ်သက်ဝေက လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းမောင်းနှင်ခြင်း မပြုလုပ်ရန်နှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ပညာရေးဦးစီးဌာန၊ လက်ထောက်ပညာရေးမှူး ဦးထွန်ငြိမ်းက ကျောင်သား၊ ကျောင်းသူများ အောင်ချက်အကောင်းဆုံးအဆင့် ရောက်ရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အသိပေးပြောကြားပြီး၊ တက်ရောက်လာကြသူများမှ မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)