စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အဆို၊ အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း သြဂုတ် ၉

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆို၊ အက ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံ၊လေလုံ အားကစားခန်းမတွင် ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပြိုင်ပွဲဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အဆို၊ အကပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌများက ပြိုင်ပွဲကျင်းပမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အမျိုးသား၊ အမျိုးသမီး အခြေခံကဗျာလွတ်အကပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မြန်မာသံစဉ်နှင့် ခေတ်ပေါ်စတူရီယို တေးသီချင်းဆိုပြိုင်ပွဲများကို ကျင်းပခဲ့သည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများက ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)