မင်းလှ ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်အောင်ချက်မြင့်မားရေးအတွက် တိုင်းခွဲပညာရေးမှူးမှ ကျောင်းသား/သူများ အားတွေ့ဆုံဟောပြောခြင်းကို အခြေခံပညာအထက်တန်းကျောင်း(မြို့ပြင်) အေးမြသီတာခန်းမ၌ ယနေ့နံနက် ၁၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး(အနောက်ပိုင်း) ပြည်မြို့ရုံးခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာချစ်ကိုကိုက တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေးဟောပြော တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ မြို့နယ်အဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်သွားကြရန်နှင့် ကျောင်းသား၊ ကျောင်သူများအား တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်နိုင်ရေးနည်းလမ်းများ၊ ကြိုးပမ်းမှုများ၊ အတွေ့အကြုံများ၊ ဇွဲလုံလဝီရိယရှိရှိစာကြိုးစားကြရန်တို့ကို ဟောပြောအားပေးစကားများ ပြောကြားသည်။
အဆိုပါ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ချို၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)