ညောင်လေးပင် ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်သန်းမြိုင်မှ တိုးတက်လာသော နည်းပညာခေတ်တွင် sim sms မှတစ်ဆင့်သော်လည်း ကောင်း၊ Phone ခေါ်ဆို၍ သော်လည်းကောင်း၊ အတုအပဝက်ဘ်ဆိုဒ်များဖန်တီး၍ စကားဝှက်များခိုးယူခြင်း၊ ဘဏ်အကောင့်နံပါတ်များ ခိုးယူခြင်း၊ လိမ်လည်မှုအမျိုးမျိုးကျူးလွန်ခံရခြင်းမှ ကင်းဝေစေရန် လန်ချမ်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသော ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယိုဖိုင်ကလစ်(၂)ခုအား ဖွင့်လှစ်ပြသပြီး ယနေ့ခေတ်တွင် ဆက်သွယ်ရေးမှတစ်ဆင့် လိမ်လည်ခြင်းများ ဆောင်ရွက်နေသည်များကို သာဓကများ၊ ဥပဒေဆိုင်ရာ အချက်အလက်များနှင့်တကွ အကျယ်တဝင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မွန်မှ ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)နှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဆေးရုံတက်လူနာစောင့် မိဘပြည်သူများ စုစုပေါင်းအင်အား (၄၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)