ကျွန်းလှ ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲအဖွဲ့လိုက် တတိယလုပွဲ ပွဲစဉ်အဖြစ် မျိုးသိန်းအသင်းနှင့် စံပြအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မျိုးသိန်းအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အ.ထ.က သစ်ရာမြိုင်အသင်းနှင့် လျှပ်စစ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ အ.ထ.က သစ်ရာမြိုင်အသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုရရှိသော အ.ထ.ကသစ်ရာမြိုင်အသင်း၊ ဒုတိယရရှိသော လျှပ်စစ်အသင်း၊ တတိယရရှိသော မျိုးသိန်းအသင်းတို့အား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ အမျိုးသား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၂၉) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြရာ အားကစားဝါသနာရှင် ပရိတ်သတ်များ လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မျိုးဝင်းညို