ဆီဆိုင် ဩဂုတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဆိုင်ရာ သိကောင်းစရာနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးဇော်ထွန်းက လူငယ်နှင့် အားကစားဆိုင်ရာအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများ၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ စသည့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် သုတ/ရသစာအုပ်၊ စာစောင်များကို ပြသပေးခဲ့ပြီး အားကစားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)