မုဒုံ သြဂုတ် ၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်း ကျင်မှုအဆင့်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ် ၆ ရက်နေ့က နှစ်ရှည်ပင်များ သုသေတနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဉီးစီးမှူး ဦးလှမိုးအောင်က ယခုသင်တန်းသည် (၁၆) ကြိမ်မြောက် သင်တန်းဖြစ်ကြောင်း၊ အပတ်စဥ် (၁) မှ (၁၆) ကြိမ်အထိ တက်ရောက်ပြီးသောသင်တန်းသားများကို စိုက်ပျိုးရေးဦးစီးဌာနမှ အစေးခြစ်ကျွမ်းကျင်ပညာရှင်များအဖြစ် အသိအမှတ်ပြုကြောင်း၊ အစေးခြစ်လုပ်သားများကိုလည်း ဆင့်ပွားနည်းပညာများ ဖြန့်ပေးစေလိုကြောင်း၊ မွန်ပြည်နယ်အတွက် ရော်ဘာသီးနှံကို ပန်းတိုင်သီးနှံအဖြစ် အဆိုပြုတင်ပြထားပြီးဖြစ်ရာ project အနေဖြင့် ရော်ဘာသီးနှံကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် အငြိမ်းစားပညာရှင်ဆရာကြီး ဦးဝင်းတင်မှ သင်တန်းတွင် အစေးခြစ်ပညာနှင့် အစေးစုသိမ်းပုံများကို သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း စနစ်တကျပေါက်ခြစ်စနစ်နှင့် အစေးခြစ်ခြင်းကြောင့် အခေါက်ကျနှုန်းသက်သာပြီး စီးပွားရေးသက်တမ်းပိုရှည်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင်ဆုရရှိသော သင်တန်းသား/သူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းကို သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)