ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်မြို့နယ်ပညာရေးမှူးဖလား (U-14) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဆိပ်ဖြူ  သြဂုတ် ၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား (U-14) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားကို ယနေ့ နံနက် ၇ နာရီက အနောက်ပိုင်း (အ.မ.က) ကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း ကျောင်းသားများက ကွင်းအတွင်နေရာယူပြီး(U-14) ဘောလုံးပြိုင်ပွဲအခမ်းအနားကျင်းပြီး  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းကအဖွင့်အမှာစကားတက်ရောက်ပြောကြားပေးသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုက ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး (U-14) ဘောလုံးအားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ မိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက (U-14) ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား(U-14) ဘောလုံးပြိုင်ပွဲကို အခြေခံပညာကျောင်းများက မူလတန်း ၊ အလယ်တန်းအဆင့် ကျောင်းသား (၉)သင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တနေ့လျှင်ပွဲစဉ်(၂)ပွဲဖြင့် သြဂုတ်လ (၁၂) ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

စိုးလင်းနိုင်(IPRD