လက်ပံတန်း ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများကို ယမန်နေ့ နံနက်ပိုင်းက အ.လ.က(ကြို့ပင်စခန်း)နှင့် အ.မ.က (သပြေကုန်း)ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ကျောင်းသား၊ ကျောင်းသူများအား "ဗလငါးတန်ဖွံဖြိုးဖို့ စာဖတ်ခြင်းဖြင့်မြှင့်တင်စို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် စာကြည့်တိုက်လက် ထောက်-၃ ဒေါ်စုဝေနှင်း ဘုတ်ပြားပြဇာတ်၊ စက္ကူပြဇာတ်ပုံပြင်များ ပြောကြားခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်း၊ ကလေးစာဖတ်ခန်းဝန်ဆောင်မှုတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)