ဘီးလင်း သြဂုတ် ၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌ။နသည် မြို့နယ်ရဲတပ်ဖွဲ့၊မှူးရုံး၊ ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ အ.ထ.က (ကန်သာယာ) ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မဟော်သဓာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မွန်က အဖွင့်အမှာစကားပြေားကြားပြီး ဘီးလင်းမြို့နယ် ရဲစခန်းမှ စခန်းမှူး စိုးမိုးရှိန်က သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးဟောခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိကျော်က E-cigarette (Vape) အန္တရာယ်အကြောင်းနှင့် ငလျင်ဘေးအကြောင်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသူများအား မူးယစ်ဆေးဝါးအန္တရာယ်၊ သက်ငယ်မုဒိမ်းမှုပပျောက်ရေးနှင့် ငလျင်ဘေးအန္တရာယ်အသိပညာပေး Video Clip များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)