မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေးလုပ်ငန်းဆောင်ရွက်

မိုးနဲ ဩဂုတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၈ နာရီအချိန်က လမ်းသွား လမ်းလာ ကျောင်းသား/ သူလေးများအား အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူငယ်များ အထူးဂရုပြုလိုက်နာသင့်သည့် လူကုန်ကူးမှုမဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရ မည့်အချက်များ၊ လူကုန်ကူးခံရပါက ပြုလုပ်သင့်သည့်အချက်များ၊ လူကုန်ကူးခံရပြီးနောက် ခံစားရမည့်ဆိုးကျိုးများအစရှိသည့် အကြောင်းအရာများပါရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်အား ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ဇင်ကိုကို