ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြော

ရန်ကုန် ဩဂုတ် ၈

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ဒုတိယနှစ်ဝက်) နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမနှစ်ဝက်) ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများအား ဆက်သွယ်ရေးလိမ်လည်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သော ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှု နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၆ ရက်နေ့ နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် အမှတ်-၂ မှုခင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ ရဲမှူးတင်အောင်မိုး၊ အမှတ်-၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ ရဲအုပ်ကျော်စွာမြင့်၊ အမှတ်-၄၃ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်နေခြည်လင်းတို့က အသီးသီးအသိပညာပေးဟောပြောကြသည်။

အဆိုပါအခမ်းအနားသို့ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားစီမံပါမောက္ခ(ဌာနမှူး)များ၊ သန်လျင်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)