ချောင်းသာ ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည်။
ဦးစွာ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပရိသတ်များက မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၂) ရပ်ကွက်အသင်းနှင့် Wai Lin FC အသင်းတို့ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးရာ အမှတ်(၂)ရပ်ကွက်အသင်းမှ အနိုင်ရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများ၊ ပထမဆုနှင့် ဒုတိယဆုရရှိသော အားကစားသမားများအားငွေသားဆု၊ ဆုတံဆိပ်နှင့် ဆုဖလား တို့ကို ဌာနဆိုင်ရာများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၂) သင်းပါဝင်ပြီး ပတ်လည်စနစ်ဖြင့် ဇူလိုင်လ (၁၅)ရက်နေ့မှစတင်ပြီး သြဂုတ် လ(၆)ရက်နေ့ထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)