ရွှေသောင်ယံ ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(အုန်းချောင်း) ကျောင်းအားကစားကွင်းတွင် ယနေ့မွန်းလွဲ(၂)နာရီက ကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာနိုင်ငံတော်သီချင်းသီဆိုခြင်း၊ အလေးပြုခြင်း၊ အားကစားသမားများ သစ္စာအဓိဋ္ဌာန် (၄) ချက်အား သီဆိုခြင်းတို့ပြုလုပ်ပြီး ကျောင်းသူလေးများ၏ အကအလှများဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့သည်။
ထို့နောက်ကျောင်းအုပ်ဆရာမကြီးမှ ဖွင့်ပွဲအမှာစကားပြောကြားရာ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာရေးအထိ ရည်ရွယ်ကြောင်း ထို့ကြောင့် မိမိတို့ကျောင်းသားများအနေဖြင့် ယခုလိုကျောင်းကောင်စီဘောလုံးပြိုင်ပွဲမှစ၍ အားကစားစိတ်ဓါတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြရန်တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ ကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲ အခမ်းအနားတွင် အ.ထ.က(အုန်းချောင်း) ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းကောင်စီအဖွဲ့များ၊ ကျောင်းသားမိဘများ စုံညီစွာတက်ရောက်အားပေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)