မှော်ဘီ ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၂)ကျောင်း၌ ကျန်းမာရေးပညာပေးခြင်းနှင့် အာဟာရအုပ်စုသုံးအုပ်စုပါဝင်အောင် ပြင်ဆင်ချက်ပြုတ်နည်းပြိုင်ပွဲကို ဩဂုတ် ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မှော်ဘီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမြထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့စာများ ကြိုးစာသလိုတစ်ဖက်မှလည်း ကျန်းမာရေးကို လိုက်စားသင့်ကြောင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းများနှင့် အစားအသောက်ပိုင်းတွင်လည်း ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ ဆိုးဆေးပါသော အစားအစာများကို ကျန်းမာရေးအရစားသောက်ခြင်းမှ ရှောင်ကြည်သင့်ကြောင်း ပြောကြားပြီး အဟာရအုပ်စုသုံးအုပ်စုပါဝင်သော ပြင်ဆင်ချက်ပြုတ်နည်းပြိုင်ပွဲအား စတင်၍ ဒေါက်တာစောမြထွန်းနှင့် ကျန်းမာရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများက အာဟာရပါဝင်သော အုပ်စုသုံးအုပ်စုပါဝင်အောင် ပြင်ဆင်ချက်ပြုတ်ထားသော ဟင်းလျှာများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးပညာပေးခြင်းနှင့် အာဟာရအုပ်စုသုံးအုပ်စုပါဝင်အောင် ပြင်ဆင်ချက်ပြုတ်နည်းနှင့် ဟောပြောပွဲသို့ မှော်ဘီပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမြထွန်းနှင့် လက်ထောက်ဆရာဝန်များ၊ မြိုနယ်ပြည်သူ့ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှော်ရေးအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအပါဝင် (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)