မုံရွာ ဩဂုတ် ၆
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ယနေ့နိုင်ငံတာတွင်ဖြစ်ပေါ်နေသော ဆက်သွယ်ရေးလိမ်လည်မှုများဆိုင်ရာ အကြောင်းအရာများ မှုခင်းများနှင့်ပတ်သက်၍ လည်းကောင်း အသီးသီးအသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယား နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနတို့မှပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး ဗီဒီယိုကလစ် ၂ ခုအားပြသရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကိုကျင်းပရာ လက်ထောက် ညွှန်ကြားရေးမှူးက လူငယ်ရေးရာနှင့်သက်ဆိုင်သည့် သိကောင်းစရာများကိ လည်းကောင်း၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိလိုသည့်မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)