ခန္တီးမြို့၌ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ခန္တီး ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ ငွေစာရင်းလုပ်ငန်းအား ဝန်ထမ်းတိုင်း ကျွမ်းကျင်တတ်မြောက်စေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်မှ L.P.C ထုတ်ပေးရမည့် အကြောင်းအရင်းနှင့်ပတ်သက်၍လည်းကောင်း၊ L.P.C တွင်ပါရှိရမည့် အဓိကအချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့်ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းသို့ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်း(၉)ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဝန်ထမ်းစာဖတ်ဝိုင်း၊ Book Club ၊ Youth Club၊ Women Club များဖြင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကမ်းကီး(ပြန်/ဆက်)