ခန္တီးမြို့၌ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်း ဆက်လက်သင်ကြားပို့ချ

ခန္တီး ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ခန္တီးခရိုင် လူမှုဝန်ထမ်းရုံးနှင့် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရပ်ရွာအခြေပြုမုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မှစတင်ဖွင့်လှစ်လျက်ရှိပြီး ယ‌နေ့တွင် အာလူးနနွင်းမကင်း၊ အုန်းနို့သာကူပေါင်းပြုလုပ်နည်းများ ဆက်လက်သင်ကြားပို့ချလျက်ရှိရာ မြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးများ စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ မုန့်လုပ်နည်းသင်တန်းတွင် ခန္တီးခရိုင်လူမှုဝန်ထမ်းရုံး၊ ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်က အာလူးနနွင်းမကင်း ပြုလုပ်ရာတွင် ပါဝင်သည့် အာလူး၊ သကြား၊ ဂျုံမှုန့်၊ ထောပတ်၊ နို့စိမ်း၊ ဘိန်းစေ့များနှင့်ပတ်သက်၍လည်းကောင်း၊ အုန်းနို့သာကူပေါင်းပြုလုပ်ရာတွင် ပါဝင်သည့် သာကူစေ့၊ သကြား၊ နို့ဆီ၊ နို့စိမ်း များနှင့်ပတ်သက်၍လည်းကောင်း ထည့်သွင်းအသုံးပြုရမည့် အချိုးအဆပမာဏများအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ပြုလုပ်ပုံနည်းစနစ် အဆင့်ဆင့် တို့ကို လက်တွေ့ပြသခဲ့ရာ သင်တန်းသူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့သင်တန်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ရပ်ကွက်၊ ကျေးရွာများမှ အမျိုးသမီးများ အနေဖြင့် အိမ်တွင်းမှုအတတ်ပညာတစ်ရပ်ဖြစ်သည့် မုန့်လုပ်နည်းစနစ်များတတ်မြောက်လာမည်ဖြစ်ပြီး မုန့်များပြုလုပ်တတ်ခြင်းဖြင့် မိမိတို့အိမ်တွင်းစားသုံးနိုင်ရုံသာမက မုန့်များပြုလုပ်ရောင်းချခြင်းမှ အမျိုးသမီးများအနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေး မိသားစုအပိုဝင်ငွေ ရရှိလာမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးပွားလာမည်ဖြစ်ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)