လဟယ် ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ လဟယ်မြို့တွင် မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲနှင့် တိုးအသက်(၂)လမှ တစ်နှစ်ခွဲအတွင်းရှိ ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန် လဟယ်မြို့ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝိုင်းအောင်က မိခင်နို့စနစ်တကျတိုက်ကျွးရေးနှင့်ကာကွယ်ဆေးထိုးနှံပေးရခြင်းနှင့်ပတ်သက်၍ ဟောပြီးနောက် မိခင်နို့စနစ်တကျ တိုက်နည်းကို မိခင်နှင့်ကလေးစောင့်ရှောက်အဖွဲ့မှ ဆရာမ ဒေါ်ကြိုင်နီအောင်က သရုပ်ပြသရှင်းလင်းပါသည်။
ထို့နောက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပးရာတွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ အသက်(၂)လမှ(၁၈)လအတွင်းရှိ ကလေးသူငယ်(၅၀)ဦးကို BGC (၅)မျိုးစပ်ကာကွယ်ဆေး၊ PCV ပိုလီယို၊ ဂျပန်ဦးနှောက်ယောင်ကာကွယ်ဆေးနှင့် ဂျိုက်သိုးကာ ကာကွယ်ဆေးမျာထိုးနှံပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)