ပန်းတနော်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းအပတ်စဉ် (၁၀) ဆက်လက်ဖွင့်လှစ်

ပန်းတနော် ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမတွင် ယနေ့နံနက် ၉း၃၀ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဥ်(၁၀)အား စာတွေ့လက်တွေ့ (၂) ပိုင်းခွဲ၍ ဆက်လက်သင်ကြားကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်ခင်သန္တာမြင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူ (၁၀၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအား ဇူလိုင်လ(၁၄)ရက်နေ့မှ ဩဂုတ်လ (၇)ရက်နေ့အထိ သင်တန်းအပတ်စဥ် (၁၀) ခုဖြင့် ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)