ကျောင်းကုန်း ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်(ပထမပတ်) မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးနိုင်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ်ဗွီဒီယိုအား ပြသကာ မိခင်နို့စနစ် တကျ တိုက်ကျွေးခဲ့ကြပြီး၊ နို့တိုက်မိခင်များ၊ ငါးနှစ်အောက်ကလေးငယ်များ၊ကိုယ်ဝန်ဆောင် မိခင်များအား အိုင်အိုဒင်းဆား၊ အာဟာရဖြည့်သံဓာတ်ဆေးပြား၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်အေ အားဆေး၊ သံချဆေးများ တိုက်ကျွေးခဲ့ကြသည်။ ဆက်လက်၍ ဒုတိယပတ်၊ တတိယပတ်၊ စတုတ္ထပတ်များတွင်လည်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာန က သိရသည်။
ဝင်းကြိုင်